WF Inc 3
ကောင်းလီသိုက် နိုင်ငံမှာ အလုပ်သွားလုပ်တဲ့ ထိုင်းအမျိုးသား၁ဦးဟာ ၃နှစ်အတွင်း သူဘယ်လိုနေထိုင်စားသောက်ခဲ့လဲ၊ ပိုက်ဆံတွေ ဘယ်လိုစုခဲ့တာက အစပြောပြလာခဲ့ပါတယ်။
သူဟာ ဘွဲ့ရ၁ဦးဖြစ်ပီး၊ ကောင်းလီသိုက်ကို ထိုင်းနှစ် 2567နှစ်က ထွက်လာခဲ့တယ်။
သူ့ရဲ့ ရည်ရွယ်ချက်က သူ့မှာ အကြွေးတွေရှိတယ်။ ဒီအကြွေးတွေကို ဆပ်ချင်လို ဆိုပီး ထွက်လာခဲ့တယ်။
သူ ကောင်းလီကို စထွက်လာစဉ်မှာ၊ စည်းကမ်းတင်းကျပ်မှုက အရန်းများတယ်လို့ ပြောပြခဲ့တယ်။
အဲလိုနဲ့ သူ စက်ရုံ၁ရုံမှာ အလုပ်ဝင်ခဲ့တာ တလကို ထိုင်းဘတ် (50,000-70,000)ဘတ်ရတယ်။
အလုပ်စဝင်တာက (2567-အခု 2569)ထဲရောက်တော့ 3 နှစ်အတွင်းမှာ အပိုဆုနဲ့ဆို ဘတ် 24သိန်း စုခဲ့မိတယ်။
ဒီ၃နှစ်မှာ သူ့ရဲ့ လစာလဲ အရင်အတိုင်း၊ အလုပ်လဲ အရင်အတိုင်းပဲလို့ ပြောပြခဲ့တယ်။
ဒီလောက်ပိုက်ဆံတွေ အများကြီး ရပေမဲ့ ငွေကို သူအများကြီး မသုံးစွဲရဲဘူးတဲ့ရှင့်။
တချို့သောသူတွေက သူပိုက်ဆံတွေရတာ ကောင်းကောင်းနေစား၊ သုံးစွဲမယ်လို့ ထင်နေရင် မှားသွားလိမ့်မယ်တယ်ရှင့်။
သူအတွက် ထမင်းတနပ်စာက ထိုင်းရိုးရာ သင်းဘောသီးထောင်း၁ပွဲ ရှိရင် ဟင်းကောင်းတခွက်ပါတဲ့။
ဘာကြောင့်လဲဆို လူ၁ဦးဟာ ရည်ရွယ်ချက်နဲ့ အလုပ်လုပ်တာ ဖြစ်လို့ ၁ခုလိုချင်ရင် ၁ခုကို စွန့်လွတ်ရမယ်တဲ့ရှင့်။
သူ့မှာ -ထိုင်းနိုင်ငံမှာ အကြွေးပေးရမှာ ဘတ် သိန်း၂၀ရှိတယ်။
၃နှစ်အတွင်း အလုပ်လုပ်ရတဲ့ ၂၄သိန်းထဲက၊ ဘတ် သိန်း၂၀ဆပ်လိုက်တယ်။
အပိုဆုကြေးနဲ့ဆို သူ့မှာ ဘတ် ၅သိန်းကျန်နေပီး၊ သူ့ရဲ့ ဘဏ်စရင်းထဲမှာ ဘတ် သိန်းကျော်ကို အရေးလိုရင် သုံးဖို့ သိမ်းထားတယ်။
ပီးတော့ သူ့မှာ မြေကြီး ၁လိုက်- ရှိတယ်လို့ပြောပြခဲ့တယ်။
အခု သူ အကြွေးတွေ ဆပ်လိုက်ရပေမဲ့ အိမ်မရှိ၊ ကားမရှိသေးဘူးတဲ့ရှင့်။
သူအဲတာတွေကို လိုချင်တယ်၊ နောက်ထပ်ကြိုးစားလိုက်ရင် လိုချင်တဲ့ အိမ်နဲ့ ကားကို ဝယ်နိုင်မယ်လို့ ထင်ပါတယ်လို့ ပြောခဲ့တယ်။
ယခုလို အကြွေးမြန်မြန် ဆပ်နိုင်တာက ရှိရင် ရှိသလို မသုံးစွဲခဲ့တဲ့ အကျိုးကျေးဇူးကြောင့်ပါတဲ့ရှင့်။
ဒါပေမဲ့ အဲတာတွေထက် အရေးကြီးဆုံးက သူ့မှာ ချစ်သူမရှိသေးဘူးတဲ့။
Part 3
