ကိုးလူတို့... အနာဂတ်မှာ Bitcoin ဒေါ်လာ ၅ သိန်း အထိ ရောက်မယ်လို့ ယုံကြည်ထားပေမယ့်၊ အဲ့ဒီမတိုင်ခင် ဈေးကွက် ၇၀% အထိ အရင်ဆုံး ပြိုကျလိမ့်မယ်လို့ ထိပ်တန်း Institutional CEO တစ်ဦးက တရားဝင် သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၀၈ စီးပွားရေးပျက်ကပ်ကို ကြိုဟောနိုင်ခဲ့တဲ့ "Dr. Doom" ရဲ့ လက်ရုံး၊ Atlas Capital က CEO Reza Bundy က ပဲရစ်မြို့မှာ ကျင်းပတဲ့ Proof of Talk ပွဲကနေတဆင့် ဒီကနေ့ သတိပေးသွားခဲ့တာပါ။ သူ့ရဲ့ ပြောကြားချက်အရ လက်ရှိ အမေရိကန် စတော့ရှယ်ယာ ဈေးကွက်ဟာ AI Hype တွေကြောင့် အဆမတန် တက်နေပြီး ၁၉၂၉ ခုနှစ်ကလို ပေါက်ကွဲဖို့ အသင့်ဖြစ်နေတဲ့ Bubble ဖြစ်နေပါတယ်။ ဒါကြောင့် လာမယ့် ၆ လအတွင်းမှာ စတော့ဈေးကွက် ပြိုကျတာနဲ့အတူ လက်ရှိ ၆ သောင်း ၃ ထောင် ဝန်းကျင်မှာ ရှိနေတဲ့ Bitcoin ဟာ ဒေါ်လာ ၂၆,၀၀၀ ကနေ ၃၀,၀၀၀ ကြားအထိ ၇၀% လောက် ထိုးဆင်းသွားလိမ့်မယ် လို့ အတိအလင်း ဆိုပါတယ်။ ဒါပေမယ့် သူဟာ Bitcoin ကို ရေရှည် မုန်းတီးသူ (Bear) လုံးဝ မဟုတ်ပါဘူး။ အစိုးရတွေ ကြွေးမြီဆပ်ဖို့ ပိုက်ဆံတွေ အလွန်အကျွံ ရိုက်ထုတ်လာမယ့် (Fiscal Dominance) အခြေအနေမျိုးမှာ Bitcoin ဟာ ဒေါ်လာ ၁၅၀,၀၀၀ ကနေ ၅၀၀,၀၀၀ အထိ ရောက်သွားမ...