ထပ်ခါတက်ကာ 1 (INC)
ကိုယ်တွေ အသက် ၁၇-၁၈ ဆိုတာ ဂေါ်လီပစ်လို့ကောင်းတုန်း၊ 'စွန်'လွှတ်လို့ကောင်းတုန်း.... ခုခေတ်ကလေးတွေ အရမ်းဆရာကျတယ် ဆေးခန်းလာပြတယ်၊ တစ်ယောက်ထဲပဲ၊ ပုံစံက တည်တည်ငြိမ်ငြိမ်ပဲ၊ အသက်က ၁၈_၁၉ ထဲ၊ အသား ဖြူဖြူ ငယ်ငယ်ချောချောပဲ၊ "လာထိုင်သမီး ဘာဖြစ်လဲ" ပေါ့ သူက ရဲရဲဝင့်ဝင့်ပဲ .. "သူမိန်းမကိုယ်နားမှာ အဖုလေးတွေပေါက်နေလို့" ဆရာတဲ့ ထုံးစံအတိုင်းမေးရတာပေါ့.. "ယားယံလား၊ ပြည်တည်လား၊ အရေကြည်လား၊ ပဲ့ထွက်လား၊ ဖြစ်တာကြာပြီလား၊ တခြားဘာဖြစ်သေးလဲ၊ ရာသီမှန်လား၊ အဖြူဆင်းလား၊ ဆီးပူတာအောင့်တာရှိလား၊ ဝမ်းမှန်လား၊ ဖျားမေးရတာပေါ့" အကုန်ကောင်းတယ်.. "ယားယံတာတော့ရှ်ိ တအားကုတ်ရင်သွေးထွက်လို့ တအားမကုတ်ရဲ့ဘူး"ဆရာတဲ့ နောက်တခုမေးဖို့ကျ ဆရာတို့က လူနာကိုအားနာရတယ်။ အာ့နဲ့သမီးစိတ်မရှိနဲ့နော် ကျန်းမာရေးလိုအပ်ချက်အရ မေးတာလို့ စကားခံပြီး - "ကောင်လေးရှိလား" မေးတော့ "ရှိပါတယ်" တဲ့ "တူတူနေတာရှိလား" ဆိုတော့ "အရင် အကိုကြီးနဲ့ကရှိတယ်၊ အခုတစ်ယောက်နဲ့မရှိဘူး"တဲ့ .. "အောာာာ်..."ဆိုပြီး အံဩရ🫡 ပြီးတော့ ဆက်မေးပေါ့.. အဲ့ဒါပြီးတာနဲ့ သူနာပြုဆရာမနဲ့အတူ လိုအပ်တဲ့ဗိုက်တွေ၊ လက်တွေ မှာတွေမှာ အဖုတွေ အပိန့် တွေရှိမရှ်ိ သေချာစမ်းတယ်။ အကြိတ်တွေစမ်းတယ် အကုန်ပြီးတာနဲ့ အောက်ပိုင်းအနာကြည့်မယ်ဆိုတော့ ကလေးမက စကပ်အပွဒူးဖုံးဝတ်လာလို့ အပြင်ကသန့်ရှင်းရေးအန်တီကို ထမီအသစ်တစ်ကွင်း အပြေးလေးဝယ်ခိုင်းရသေးတယ်(OG ပြလျှင် ထမီ ဝတ်ကြပါ)။ ပြီးမှ သူနာပြုဆရာမနဲ့အတူ မိန်းမကိုယ်ကြည့်တော့မှ မိန်းမကိုယ်အပြင်ဘက်နားမှာ အစိအစိလေးနဲ့ အရည်ကြည်ဖုလေးတွေ နည်းနည်းများတယ်၊ လက္ခဏာအရရော၊ အမြင်အရရောက ရေယုန် နဲ့တူတာမို့လို့။ လိမ်းဆေးသောက်ဆေးပေးလိုက်တယ်။ ရက်ချိန်းပြန်လာပြတော့သက်သာနေပြီ၊ ပြီးတော့ **#လိင်အဂါရေယုန်ကHIV**နဲ့ တွဲတတ်လို့၊ သေချာနားလည်အောင်ရှင်းပြပြီး သွေးစစ်ရတာပေါ့။ (တော်ပါသေးရဲ့ HIV Negative မို့လို့) နောက်ပြီး ကျန်းမာရေးဗဟုသုတ အနေနဲ့ လိုအပ်တာလေးတွေပြောပြီး၊ အသက်ငယ်သေးတယ်၊ HIV က အရမ်းကြောက်ဖို့ကောင်းတယ်၊ အရမ်းလဲဖြစ်နေတယ်၊ အာ့ကြောင့် Condom သုံးဖို့လိုတယ်၊ သုံးရမယ်ပြောတော့.. "Condom မကြိုက်ဘူး" တဲ့😁 အဲ့ဒီမှာ ဒုတိယအကြိမ် "အောာ်...." ဆိုပြီး(ပါးစပ်အဟာင်းသား) ထပ်မံအံဩရ😆 အကောင့်ထဲက လူတွေလဲ ကလေးလောက်တောင်ကောင်းလား၊ မကောင်းဘူးလားမသိရင် ထပ်ပြီး "အောာ်.." ကျ၊ ကိုယ်တွေကတော့ ၂ ခါတောင် ''အော််.. " ဆိုပြီး အံဩ ပြီးပြီ🤣🤣
Part 1

